cars

วันพฤหัสบดีที่ 16 กุมภาพันธ์ พ.ศ. 2560

Windows 7 USB Flash Drive တစ်ခု အလွယ် ကူဆုံး ဖန်တီး ယူနည်း Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Windows 7 USB Flash Drive တစ်ခု အလွယ် ကူဆုံး ဖန်တီး ယူနည်း

မင်္ဂလာပါ
ဒီနေ့တော့ အားလုံး အတွက် တန်ဖိုး ရှိမယ့် နည်းလမ်း တစ်ခုဖြစ်တဲ့ Windwos 7 USB Flash
Drive တစ်ခုကို အလွယ်ကူဆုံး ဖန်တီးယူနည်းကို တင်ပေးလိုက် ပါတယ်ခင်ဗျာ။

ဒီနည်းလမ်း မှာတော့ ဆော့ဝဲကို အင်စတော လုပ်ပြီး ဖန်တီး ယူမှာပါ၊ အင်စတော လုပ်ရန် လို
အပ်မယ့် ဆော့ဝဲကို အောက်ကလင့်မှာ ဒေါင်းယူ လိုက်ပါ။


▼ userscloud.com ▼

လိုအပ်မယ့် ဆော့ဝဲကို ဒေါင်းယူပြီးတော့ စလိုက်ကြ ရအောင်ပါ။

၁။ ဒေါင်းလော့ ရလာတဲ့ Zip ဖိုင်ကို Extra Here နဲ့ ဖြေလိုက်ပါ၊ ပြီးတော့ အင်စတော လုပ်လိုက်ပါ။


၂။ USB ကို ကွန်ပျူတာနဲ့ ချိတ်ဆက် လိုက်ပါ။ (USB က အနည်းဆုံး 4GB ဖြစ်ရပါမည်)


၃။ File System နေရာမှာ NTFS ဆိုတာကို ရွေးပါ။


၎။ Quick format နဲ့ Create extended label and icon files ဆိုတဲ့ နေရာတွေကို အမှန်ခြစ် ပေးပါ။


၅။ Create a bootable disk using ကို ထပ်နှိပ် လိုက်ပါ။


၆။ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတဲ့ နေရာကိုနှိပ်ပြီး မိမိစက်ထဲက Windows 7 ISO
file ကိုရွေးပေးလိုက်ပါ။


၇။ အပေါ်က လိုအပ် တာတွေ အားလုံး ပြီးသွား ရင်တော့ Start ဆိုတာ လေးကို နှိပ်ပေး လိုက်
ပါ ခင်ဗျာ။ မိနစ် အနည်းငယ် ကြာပြီးတာနဲ့ Window 7 USB flash drive တစ်ခု ပိုင်ဆိုင် သွား
ပါပြီ။

အဆင်ပြေပါစေ ...

0 ความคิดเห็น:

แสดงความคิดเห็น