cars
วันจันทร์ที่ 21 พฤศจิกายน พ.ศ. 2559
Upload ​တင်​နည်း ​နှင့် Downlaod Link ​ချ​ပေး​နည်း
မ​င်္ဂ​လာ​ပါ  ​ကျွန်​တော် ​သည်​နေ့ ​တော့ Upload  ​တင်​နည်း  ​တင်​ထား​သော ​ဒေါင်း​လင့်​အား ​ဘ​လော့​မှာ Downlaod  Link  ​ချ​ပေး​နည်း  ​လေး​ကို ​ရေး​ဖြစ်​ပါ​တယ်.. ​ဒါ​လေး​က​လည်း ​ကျွန်​တော် ​ရဲ့ ​ညီ​လေး ​အ​ဆို​တော်    ​နောင်​ရဲ​ထွဋ်    ​အ​တွက် ​တောင်း​ဆို​ထား​လို့  ​ခု​လို​အ​သေး​စိတ် ​ရေး​သား​တင်​ပေး​လို​က​တာ​ပါ..
ဘ​လော့​ကာ​တွေ​အ​တွက်​တော့  ​အား​လုံး​သိ​ထား​သော​နည်း​ပ​ညာ​ဖြစ်​တဲ့​အ​တွက်  ​ကျော်​သွား​လိုက်​ပါ​နော်..
 ပ​ထ​မ​ဆုံး  ​မိ​မိ​တို့  Upload  ​တင်​လို​သော ​ဆိုဒ်​မှာ ​အ​ကောင့်​တ​ခု ​လုပ်​ထား​ဖို့​လို​ပါ​လိမ့်​မယ်  ​အဲ​တာ​က​တော့ ​ပြော​မ​ပြ​တော့​ပါ​ဘူး​နော် ​ဆိုဒ်​တ​ခု​မှာ Singup  ​လုပ်​တာ​တော့ ​အဲ​လောက် ​ခက်​ခဲ​မယ်​မ​ထင်​လို့​ပါ... ​တင်​နိုင်​သော​ဆိုဒ်း​တွေ ​က​တော့ ​များ​ပါ​တယ်  ​ဒါ​ပေ​မယ့် ​ကျွန်​တော် ​က​တော့  
ယ​ခု ​န​မူ​နာ​အ​နေ​နဲ့  Mediafire.com  ​နဲ့​ဘဲ ​န​မူ​နာ​ပြ​လိုက်​ပါ​တယ်​နော်...
ပ​ထ​မ​ဆုံး www.mediafire.com  ​ကို​သွား​ပြီး ​အ​ကောင့်​တ​ခု​လုပ်​လိုက်​ပါ​နော်။ ​အ​ကောင့်​တ​ခု​ရ​တာ​နဲ့ ​စ​လို့​ရ​ပါ​ပြီ..​နော် ​အောက်​မှာ ​ပုံ​လေး​တွေ​နဲ့ ​ပြ​ထား​ပါ​တယ်..​စ​မယ်​နော်..
အ​ကောင့်​ဝင်​လိုက်​တာ​နဲ့....
Upload   ​တင်​နိုင်​သော ​ဆိုဒ်​များ
================
စ​တဲ့ ​ဆိုဒ်​တွေ ​မ​က​ဘဲ ​များ​ကြီး​ရှိ​ပါ​တယ် ​နှစ်​သက်​ရာ​က​နေ ​တင်​နိုင်​ပါ​တယ်..
ပ​ထ​မ​ဆုံး​အ​နေ​နဲ့  ​တွေ့​ကြ​ရ​မှာ​က​တော့...
 အ​ပေါ်​က​ပုံ​တိုင်း​ကျ​လာ​မယ် ​က​လစ်​လိုက်​ပါ..​ဒါ​ဆို ​မိ​မိ​တို့ ​ကွန်​ပျူ ​တာ​ဖိုင် ​ကျ​လာ​မယ်​နော်  ​မိ​မိ​တို့ ​တင်​လို​တဲ့  ​အ​ကြောင်း​ရာ​ရှိ​တဲ့ ​သိမ်း​ထား​တဲ့  ​ဖိုင်​ကို ​အ​ရောက်​သွား​လိုက်​ပါ​နော်...
ရောက်​တာ​နဲ့ ​တင်​လို​သော ​အ​ကြောင်း​အ​ရာ​ကို ​တ​ချက်​က​လစ်​ပါ  ​နောက် ​အောက်​က Open  ​ဆို​တာ​ဆက်​ကလ်​စ​လိုက်​ပါ.. ​အ​ကြောင်း​အ​ရာ​ကို  Double  ​က​လစ်​လိုက်​လည်း​ရ​ပါ​တယ်​နော်..
အ​ပေါ်​က​ပုံ​မှာ​လို  Upload  ​ပေး​ဖို့ ​အ​သင့်​အ​နေ​ထား​ဖြစ်​နေ​ပါ​ပြီ ​အဲ​လို​ဖြစ်​တာ​နဲ့ ​အောက်​နား​က Begin Uplaod  ​ဆို​တာ​က​လစ်​ပေး​လိုက်​ရုံ​ပါ​ဘဲ​နော်...
 သည်​အ​ဆင့်​မှာ​တော့ ​မိ​မိ​တို့ ​တင်​တဲ့ ​အ​ကြောင်း​အ​ရာ​ပေါ်​မူ​တည်​ပြီး ​အ​ချိန်​စောင့်​ရ​ပါ​မယ်  ​ဥ​ပ​မာ ​ဆော့​ဝဲလ် ​ဆိုဒ်​ကြီး​တာ​တွေ​ဆို ​အ​ချိန်​ကြာ​ပါ​မယ်  mp3..ebook  ​တွေ​က​တော့ ​ခ​ဏ​တာ​နဲ့ ​ပြီး​ပါ​မယ်..​ပြီး​တာ​နဲ့ ​နောက်​က Copy Link ​ဆို​တာ​က​လစ်​ပြီး ​ဒေါင်း​လင့်​ကို ​ယူ​နိုင်​ပါ​တယ်..
နောက်​တ​ဆင့် ​ယူ​နည်း​လည်း​ပြ​လိုက်​ပါ​မယ်...​နော်
 နောက်​ထပ်  ​မိ​မိ​တို့​တင်​ထား​တဲ့ ​အ​ကြောင်း​ရာ​ကို  ​မိ​မိ​တို့ ​ဘ​လော့​မှာ  ​သူ​များ​အ​သုံး​ပြု​နိုင်​အောင် ​တင်​ပေး​နည်း​လေး​ကို​ဆက်​ပြ​ပါ​မယ်...
ဘ​လော့​မှာ  Downlaod Link  ​ချ​ပေး​နည်း ( ​ဘ​လော့​ကာ​ဆိုင်​ရာ )
ပ​ထ​မ​ဆုံး ​မိ​မိ​တို့​ဘ​လော့​ရဲ့  post ​တင်​ဖို့ ​အ​နေ​ထား​ကို ​သွား​လိုက်​ပါ​နော်..
 အ​ပေါ်​က​တိုင်း ​ရောက်​တာ​နဲ့  ​မိ​မိ​တို့  ​ဒေါင်း​လင့် ​ချ​ပေး​လို​သော ​အ​ကြောင်း​ရာ ​ရဲ့ ​လင့်​ကို ​တင်​ပေး​ကြ​မယ်​ဗျာ... ​တင်​တာ​က​လည်း ၂  ​နည်း​ရှိ​ပါ​တယ်.. 
နံ​ပါတ်(၁)  ​စာ​သား ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
နံ​ပါတ် (၂)  ​ပုံ​လေး​တွေ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
 ဆို​ပြီး​ပေါ့..​ကြိုက်​တာ​နဲ့  ​ပေး​ပါ...​လုပ်​ဆောင်​ချက်​က​တော့ ​တူ​တူ​ဘဲ​ဖြစ်​ပါ​တယ်...​နော်  ​ကျ​နော် ​စာ​သား​လေး​နဲ့ ​ပြ​သ​ထား​ပါ​တယ်.... ​ပုံ​မှာ​ပြ​ထား​သ​လို​ပေါ့   ​သည်​မှာ    ​ဒေါင်း​ရန်  ​ဆို​တာ​လေး​မှာ
သည်​မှာ   ​ဆို​တာ​လေး​ထဲ​ကို ​မိ​မိ​တို့  ​ဒေါင်း​လင့်​ကို ​ဖွက်​ထား​ရ​မှာ​ဖြစ်​ပါ​တယ်..​အဲ​အ​တွ့်
သည်​မှာ   ​ဆို​တာ​လေး​ကို  Select  ​ လုပ်​ပေး​လိုက်​ပါ  ​ပြီး​တာ​နဲ့ ​အ​ပေါ်​ဘား​က  link   ​ဆို​တာ​ကို ​က​လစ်​လိုက်​ပါ​နော်... ​ဘော်​က​လေး​တ​ခု​ကျ​လာ​မှာ​ဖြစ်​ပါ​တယ်...
 ခု​လို ​ကျ​လာ​တဲ့ ​ဘော်​က​လေး​မှာ ​အ​ကွက်​လေး  ၂​ခု ​ရှိ​ပါ​တယ်..​အ​ပေါ်​က​တော့ ​မိ​မိ​တို့ ​စော​စော​က​ရေး​သား​ခဲ့​တဲ့  ​သည်​မှာ   ​ဆို​တာ​လေး​ရဲ့ ​နေ​ရာ​ဖြစ်​ပါ​တယ်...  ​သည်​နေ​ရာ​မှာ ​ပုံ​နဲ့ ​တင်​တဲ့ ​သူ​တွေ​အ​တွက်  ​အ​ပေါ်​အ​ကွက်​လေး​က ​ဘာ​မှ ​မ​ပေါ်​ဘဲ ​ဖြစ်​နေ​မယ်  ​ပုံ​နဲ့​မို့​ပေါ့...
အို​ကေ  ​အောက်​က Web Adress ​ဆို​တာ​ထဲ​မှာ​ဘဲ  ​မိ​မိ​တို့  ​ဒေါင်း​စေ​ခြင်​သော  ​လင့်​အ​မှန်​ကို
 ထည့်​ပေး​လိုက်​ပါ​နော်.. ​စော​စော​က  Upload  ​တင်​တုန်း​က ​နေ​ရာ​မှာ  ​လင့်​ကို ​ကော်​ပီ ​သွား​ယူ​လိုက်​ပါ ​သည်​မှာ ​ထည့်​ပေး​လိုက်​ပါ... ​အဲ​လို​နဲ့  ​ပို့စ်​ထဲ​က ​သည်​မှာ   ​ဆို​တာ​လေး​က ​ပုံ​မှန်​စာ​သား​မ​ဟုတ်​တော့​ဘဲ
လင့်​အ​ဖြစ် ​ပြောင်း​လည်း​နေ​ပါ​ပြီ...​နော်....​ဒါ​ဆို ​သ​ဘော​ပေါက်​ရော​ပေါ့....​ဟူးး​မော​ထာာေိေိ
 မှတ်​ချက်   ။      ။  ​ပုံ​နဲ့ ​ဒေါင်း​လင့်​ပေး ​တာ​လည်း ​တူ​တူ​ပါ​ဘဲ ​ကြိုက်​တဲ့ ​ပုံ​ထည့်​ပါ... ​ပြီး​တာ​နဲ့  ​အဲ​ပုံ​ကို ​က​လစ်​ပါ.. ​နောက် ​အ​ပေါ်​က link ​က​လစ်​ပါ..​တူ​တူ​ပါ​ဘဲ​ဗျာ..
အ​စ​စ​အ​ဆင်​ပြေ​ပါ​စေ​လို့  ​ဆု​တောင်း​လို​က​ပါ​တယ် ​မ​ရှင်း​တာ​များ​ရှိ​ပါ​က  ​ချက်​ဘောက်​မှာ ​အော်​ခဲ့​ပါ​နော်...
စာ​အုပ်​အ​ဖြစ် ​ဒေါင်း​ယူ​လို​ပါ​က
( OR )
ဘ​လော့​ခ​ရီး​သည်
Leaves-Brushes for photoshop cs
Photoshop သမားများအတွက်
Leaves-Brushes plugin လေးဖြစ်ပါတယ်
ရှာထားတာတော့ကြာပြီ ခုမှဘဲပေးဖြစ်တယ်
အောက်မှာရယူကြပါခင်ဗျ
DOWNLOAD
မိမိရဲ့ folder ကို colour ချိန်းမယ်
အလှအပကြိုက်သူတွေအတွက်လို့ပဲပြောရမလား ဒါမှမဟုတ် မိမိရဲ့ file or folder တွေကို မိမိတို့ထည့်ထားတဲ့ ဖိုင်အလိုက် အရောင် နဲ့ သတ်မှတ်ပြီးထားချင်တဲ့ သူတွေအတွက် folder icon အရောင်လေးတွေကို အရောင်ပြောင်းလို့ရတဲ့ ဆော့ဝဲလေးတစ်ခု ပါ။
1.အသုံးပြုပုံကတော့ လွယ်ကူပါတယ်။အောက်တွင်ပေးထားသော ဆော့ဝဲအားဒေါင်းပြီး install လုပ်ပါ။အထဲတွင် key generator ပါပါတယ်။ 2.မိမိတို့အလိုရှိသောပြောင်းချင်သော folder အား right click ပေးပြီး ပြောင်းနိုင်ပါတယ်။အောက်ပုံတွင်ကြည့် ပါ။
Software ရယူရန်
 DOWNLOAD
วันอาทิตย์ที่ 20 พฤศจิกายน พ.ศ. 2559
HTML ရေးသားသော Tool များ
Note pad သို့မဟုတ် Text Editor ကိုသုံးပြီး ရေးသားခြင်း
HTML ကို professional HTML editor တွေသုံးပြီး ဖန်တီးနိုင်ပါတယ်။
  • Adobe Dreamweaver
  • မိုက်ခရိုဆော့ဖ် Expression Web
  • CoffeeCup HTML Editor
Windows ကွန်ပြူတာတွေမှာပါတဲ့ Word, Excel တွေသုံးပြီးလည်း ရေးလို့ရပါတယ်။
ဒါပေမယ့် HTML အခြေခံကိုကိုလေ့လာဖို့အတွက် PC မှာပါတဲ့ Note Pad ဒါမှမဟုတ် Mac မှာပါတဲ့ Text Editor ကိုသုံးပြီးလေ့လာ ရေးသားကြဖို့တိုက်တွန်းချင်ပါတယ်။ ရိုးစင်းတဲ့ editor — Note Pad ကိုသုံးပြီးလေ့လာခြင်းက နည်းလမ်းကောင်းတစ်ခုလို့ယုံကြည်ပါတယ်။
ကိုယ်တိုင် ဝဘ်စာမျက်နှာ တစ်ခုကို Note Pad အသုံးပြုပြီး စတင်ဖန်တီးဖို့အတွက် အောက်ကအချက် (၄) ချက်ကို အခုပဲစတင်လိုက်ပါ။
အဆင့် ၁ — Note pad နဲ့စမယ်။
Note pad ကိုဖွင့်ဖို့အတွက် —
Start Menu ကိုနှိပ်ပါ။
    All Programme ကိုနှိပ်ပါ။
        Accessorie ကိုသွားပါ။
           Note Pad ဆိုတာကိုတွေ့ပါလိမ့်မယ်။ နှိပ်ပြီး ဖွင့်လိုက်ပါ။
search box ကနေလည်း notepad ဆိုပြီးခေါ်နိုင်ပါတယ်
အဆင့် ၂ — Note pad အသုံးပြုပြီး HTML ရေးသားခြင်း
Note Pad 
 အောက်က HTML code တွေကို Note pad ထဲမှာရိုက်ထည့်ပါ။ မှန်အောင်ကြိုးစားပြီးရိုက်ပါ။ မှားခါမှ ချွေးပြန်အောင် အမှားရှာရတာထက်စာရင် တစ်ခါတည်း သေချာရိုက်တာက ပိုကောင်းပါတယ်။
ဒီလိုမျိုးရိုက်ရမှာဖြစ်ပါတယ်။
Note Pad
အဆင့် ၃ — သင်ရေးထားတဲ့ HTML ကိုသိမ်းပါ။
Note pad ရဲ့ ဖိုင် menu က Save as...ကိုရွေးပါ။
HTML ဖိုင် တစ်ခုကို သိမ်းတဲ့နေရာမှာ .htm ဒါမှ မဟုတ်   .html ဖိုင် extension တွေသုံးပြီး သိမ်းနိုင်ပါတယ်။ အဲဒီ့နှစ်ခုက ဘာမှမကွာပါဘူး။ သင့်အကြိုက်အပေါ်မှာပဲမှုတည်ပါတယ်။
သင်မှတ်မိလွယ်တဲ့ နာမည်တစ်ခုပေးပါ။ ဖိုင် Name နောက်မှာတော့ .html ဒါမှ မဟုတ် .hml ပါရပါမယ်။
အဆင့် ၄ — သုံးနေကျ Browser (ဘရောက်ဆာ) မှာ ဖွင့်ကြည့်ပါ။
သင်သုံးနေကျ Web browser (ဘရောက်ဆာ) တစ်ခုကိုဖွင့်လိုက်ပါ။ ပြီးရင် သူ့မှာပါတဲ့ ဖိုင် Menu ကတဆင့် Open menu ကိုဖွင့်ပြီး သင်ရေးထားတဲ့ HTML ဖိုင် ကို Double Click နှိပ်ပြီးဖွင့်ပါ။
အောက်မှာပြထားတဲ့အတိုင်းပေါ်ပါလိမ့်မယ်။
Result
ဒီစမ်းသပ်လေ့ကျင့်မှုက HTML မှာ လေ့ကျင့်သင့်တဲ့ သင်ခန်းစာပေါင်းများစွာရဲ့ အစဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်း လိုက်လုပ်ရင် အဆင်ပြေမယ်ထင်ပါတယ်။
  http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML Element များ
HTML Element များ
HTML document တွေကို HTML element တွေဆိုပြီ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။
HTML Element များ
HTML element ဆိုတာက start tag နဲ့ end tag ကြားက အရာတွေအကုန်လုံးဖြစ်ပါတယ်။
Start tag * Element တွင်ပါဝင်သောအရာများ End tag *
<p> ဒါက စာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
<a href="default.htm"> လင့်ခ်တစ်ခုဖြစ်ပါတယ်။ </a>
<br /> ရေပြင်ညီ မျဉ်းတစ်ကြောင်းဖြစ်ပါတယ်။ ၎င်းတွင် End Tag မရှိပါ။ 
* Start tag ကိုတစ်ခါတစ်လေမှာ opening tag လို့လဲခေါ်လေ့ရှိပါတယ်။ End tag ကိုတော့ closing tag လို့ခေါ်ပါတယ်။
HTML Element Syntax
  • HTML element တစ်ခုကို start tag / opening tag နဲ့အစပြုပါတယ်။ end tag / closing tag နဲ့အဆုံးသတ်ပါတယ်။
  • element မှာပါဝင်တဲ့ အရာ content တွေကတော့ start နဲ့ end tag ကြားကအရာတွေဖြစ်ပါတယ်။
  • တစ်ချို့တဲ့ HTML element တွေမှာဗလာ empty content ပဲပါပါတယ်။
  • Empty element တွေကို start tag နဲ့ပိတ်ထားပါတယ်။
  • HTML element အများစုမှာ Attribute တွေ ပါနိုင်ပါတယ်။
Noteမှတ်ချက် — Attribute တွေအကြောင်းကို နောက်လာမယ့်အခန်းမှာ သင်ရပါမယ်။
HTML Element အတွဲများ (Nested)
HTML element တွေဟာ အတွဲလိုက် ဖြစ်နိုင်ပါတယ်။ (အခြား HTML element တွေလည်းပါနိုင်ပါတယ်)။
HTML document တွေမှာ HTML element အတွဲတွေပါရှိပါတယ်။
HTML Document ဥပမာ
<! DOCTYPE html>
<html>
<body>
<p>ဒါက ပထမ စာပိုဒ်ဖြစ်ပါတယ်။</p>
</body>
</html>
အပေါ်က ဥပမာကို ကြည့်ရင် HTML element ၃ ခုပါတာကို တွေ့ရမှာဖြစ်ပါတယ်။
HTML ဥပမာရှင်းလင်းချက်
<p> element
<p>ဒါက ပထမစာပိုဒ်ဖြစ်ပါတယ်။</p> 
<p> element က HTML document မှာရှိတဲ့ စာပိုဒ်ကို သတ်မှတ်ပါတယ်။
ဒီ element မှာ start tag <p> တစ်ခုနဲ့ end tag </p> တစ်ခုပါပါတယ်။
element မှာပါဝင်တဲ့ အရာ — ဒါကပထမစာပိုဒ်ဖြစ်ပါတယ်။
<body> element
<body><p>ဒါက ပထမစာပိုဒ်ဖြစ်ပါတယ်။</p> </body> 
<body> element က  HTML document ရဲ့ ကိုယ်ထည်ဖြစ်တဲ့ Body ကိုသတ်မှတ်ပါတယ်။
element မှ  start tag <body> တစ်ခုနဲ့ end tag </body> တစ်ခုပါပါတယ်။
ဒီ element မှာ အခြား HTML element တစ်ခုပါပါတယ်။ (<p> element တစ်ခုပါတာကို ဆိုလိုပါတယ်)။
<html> element
<html>
<body>
<p>ဒါက ပထမစာပိုဒ်ဖြစ်ပါတယ်။</p>
</body>
</html>
<html> element က  HTML document တစ်ခုလုံးကို သတ်မှတ်ပါတယ်။
element မှ  start tag <html> တစ်ခုနဲ့ end tag </html> တစ်ခုပါပါတယ်။
ဒီ element မှာ အခြား HTML element တစ်ခုပါပါတယ်။ (<body> element တစ်ခုပါတာကို ဆိုလိုပါတယ်)။
End Tag ကိုမမေ့ပါနဲ့
တစ်ချို့တဲ့ HTML element တွေဟာ သင့်အနေနဲ့ end tag ထည့်ဖို့မေ့ခဲ့ရင်တောင် အမှား ပြမှာမဟုတ်ပါဘူး။ ကြည့်လိုက်ရင်အဆင်ပြေနေမှာပါ။
<p>ဒါက စာပိုဒ်တစ်ခုဖြစ်ပါတယ်။
<p>ဒါက စာပိုဒ်တစ်ခုဖြစ်ပါတယ်။
အပေါ်မှာပြထားတဲ့ ဥပမာကို browser (ဘရောက်ဆာ) အများစုက အမှားမပြပဲလက်ခံပါတယ်။ closing tag ကဒီနေရာမှာ အရေးမကြီးလို့ပါ။
ဒါပေမယ့် ဒီလိုတော့အမြဲမလုပ်သင့်ပါဘူး။ HTML element အများစု end tag မေ့ခဲ့ရင်တော့ မမျှော်လင့်ထားတဲ့ အမှားတွေဖြစ်လာစေနိုင်ပါတယ်။
HTML Element အလွတ်များ (Empty)
HTML element တွေရဲ့အထဲမှာ ဘာမှမပါရင် empty element တွေလို့ခေါ်ပါတယ်။
<br> ဆိုတာက Empty element တစ်ခုဖြစ်ပြီး closing tag မပါပါဘူး။ (<br> tag ကအောက်တစ်ကြောင်းဆင်းဖို့ line break အဖြစ်အသုံးပြုကြတာပါ)။
 မှတ်ချက် —  Closing Tag မပါဘူးဆိုတာ အပိတ်မပါတာနဲ့ မတူပါဘူး။ </br> ဆိုတာမျိုးမရှိတာကို ပြောတာပါ။ ဒါပေမယ့် အဲသလိုမပါတဲ့အတွက် သူ့မှာ ထူးခြားချက်လည်း ရှိပါတယ်။ (/) မျဉ်းစောင်းတစ်ခုကို နောက်မှထည့်ပေးရပါတယ်။ XHTML မှာ element အားလုံးမှာ အပိတ်ပါရပါမယ်။ start tag မှာ အခုလိုပုံစံမျိုး <br /> မျဉ်းစောင်းလေးထည့်လိုက်တာဟာ XHTML နဲ့ XML အတွက် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။ End Tag တော့မရှိပါဘူး။
HTML မှာ အသေးစာလုံးတွေကိုသာသုံးပါ။
HTML tag တွေဟာ စာလုံးအကြီးအသေး လွဲလို့သိပ်ပြဿနာမရှိတဲ့ အရာတွေဖြစ်ပါတယ်။ Case Sensitive တွေမဟုတ်ပါဘူး —  <P> က <p> နဲ့အတူတူပါပဲ။  ဝဘ်ဆိုဒ် အများအပြားက စာလုံးအကြီးနဲ့ uppercase HTML tag တွေကိုသုံးကြပါတယ်။
ဒီသင်ခန်းစာတွေမှာတော့ စာလုံးအသေးနဲ့ပဲသင်ပေးမှာဖြစ်ပါတယ်။ World Wide Web Consortium (W3C) က HTML 4 မှာ စာလုံးအသေးကိုသုံးဖို့ တိုက်တွန်းထားပြီး XHTML အတွက်ကတော့ စာလုံးအသေးပဲလက်ခံလို့ဖြစ်ပါတယ်။
   http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML Attribute များ
HTML Attribute များ
Attribute တွေက HTML Element တွေအတွက် လိုအပ်တဲ့ သီးခြား အချက်အလက်တွေ ပံ့ပိုးပေးပါတယ်။
HTML Attribute များ
  • HTML element တွေမှာ attribute တွေပါတတ်ပါတယ်။
  • Attribute တွေက Element တွေအတွက် additional အချက်အလက် ပံ့ပိုးပေးပါတယ်။
  • Attribute တွေကို start tag ထဲမှာအမြဲရှိပါတယ်။
  • Attribute တွေ က name/value စုံတွဲအဖြစ်လာတတ်ပါတယ်။ ဥပမာ — name="value"
Attribute နမူနာများ
HTML link တွေကို <a> tag တွေနဲ့ သတ်မှတ်ကြတယ်။ သူ့ကို href attribute နဲ့အထူးပြုထားပါတယ်။
နမူနာ
<a href="http://www.soemoeaung.com"> ဒါက link တစ်ခုဖြစ်ပါတယ်။</a>
Attribute တန်ဖိုးတွေကို အမြဲ မျက်တောင်အဖွင့် အပိတ် နဲ့ထည့်တယ်။
Attribute တန်ဖိုးတွေကို Tag တွေထဲမှာ ထည့်ထားတတ်ပါတယ်။ နှစ်ခုပါတဲ့ quote (“ ”) တွေကို အသုံးတွေပြီး quote တစ်ခုတည်း (‘ ’) လည်း သုံးနိုင်ပါတယ်။
Noteမှတ်ချက် — ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတစ်လေမှာ attribute တန်ဖိုး တွေကိုယ်တိုင်က quote တွေပါနေတတ်ပါတယ်။ အဲဒီအချိန်မှာတော့ Single Quote (‘ ’) ကိုသုံးရမှာဖြစ်ပါတယ်။ နမူနာ — name='John "ShotGun" Nelson'
HTML မှာ စာလုံးအသေး Attribute တွေကိုသုံးပါ။
Attribute အမည်တွေနဲ့ attribute တန်ဖိုးတွေဟာ စာလုံးအသေးအကြီး လွဲလို့ပြဿနာမရှိတဲ့ case-insensitive တွေဖြစ်ပါတယ်။
ဒါပေမယ့် World Wide Web Consortium (W3C) က lowercase Attribute တွေ/attribute တန်ဖိုးတွေကို HTML 4 မှာသုံးဖို့ တိုက်တွန်းထားပါတယ်။ အသစ်ထွက်တဲ့ (X)HTML ကလည်း စာလုံးအသေး lowercase Attribute တွေ ကိုပဲ အဆင်ပြေစေနိုင်မှာပါ။
HTML Attribute အညွှန်းများ
အောက်က စာရင်းကတော့ HTML Element တွေထဲက အသုံးများဆုံး Attribute အချို့ဖြစ်ပါတယ်။
Attribute တန်ဖိုး အကြောင်းအရာ
class classname Element တစ်ခုရဲ့ classname ကိုအထူးပြုပါတယ်။
id Id element  တစ်ခုရဲ့ သီးခြားစီရှိတဲ့ id တစ်ခုကို အထူးပြုပါတယ်။
style style_definition element တစ်ခုရဲ့ Inline Style တစ်ခုကို အထူးပြုပါတယ်။
title tool မှတ်စု_စာသား  Element တစ်ခုရဲ့ အပိုအချက်အလက်တွေကို တစ်ခုကို အထူးပြု ပါတယ်။ (tool  မှတ်ချက် အဖြစ်ဖော်ပြ)
အသေးစိပ် Standard attribute တွေအတွက် — HTML Standard Attribute အညွှန်းများ
အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်
HTML / XHTML Standard Attribute များ
အောက်က Attribute တွေက Standard Tag တွေဖြစ်ပြီး HTML/XHTML အားလုံးနီးပါးမှာသုံးနိုင်ပါတယ်။
Core Attribute များ
<base>, <head>, <html>, <meta>, <param>, <script>, <style> နဲ့ <title> တို့ကလွဲပြီး ကျန် element တွေအားလုံးမှာသုံးလို့ရပါတယ်။
Attribute အကြောင်းအရာ
class element တစ်ခုရဲ့ classname တစ်ခု ဒါမှ မဟုတ် တစ်ခုထက်ပိုတဲ့ classname တွေ အတွက် အထူးပြုရန် (style sheet တစ်ခုထဲမှာ class တစ်ခုကိုရည်ညွှန်းပါတယ်)။
id Element တစ်ခုရဲ့ unique id အတွက်သုံးပါတယ်။
style element တစ်ခု အတွက်  inline CSS style ကိုအထူးပြုရန်
title element တစ်ခုအကြောင်း အပိုအချက်အလက် တွေဖြည့်ရန်
Language Attribute များ
<base>, <br>, <frame>, <frameset>, <hr>, <iframe>, <param> နဲ့<script> တို့ကလွဲပြီး ကျန် element တွေအားလုံးမှာသုံးလို့ရပါတယ်။
Attribute အကြောင်းအရာ
dir element တစ်ခုရဲ့ content တွေအတွက်  စာသား direction အတွက်ဖြစ်ပါတယ်။
lang Element ရဲ့ content အတွက် ဘာသာစကား သတ်မှတ်ဖို့ဖြစ်ပါတယ်။
xml —lang Element ရဲ့ content အတွက် ဘာသာစကား သတ်မှတ်ဖို့ဖြစ်ပါတယ်။(XHTML document တွေ အတွက်)။
Keyboard Attribute များ
Attribute အကြောင်းအရာ
accesskey element တစ်ခုကို ဦးစားပေး/အာရုံစိုက်စေရန် Shortcut key တစ်ခုထည့်ရန်။
tabindex Element တစ်ခုကို စီစဉ်နေရာချရန်။
 http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML ခေါင်းစဉ်များ
HTML document တွေမှာ ခေါင်းစဉ် heading တွေက အရေးပါပါတယ်။
ခေါင်းစဉ် heading တွေကို <h1> ကနေ <h6> အထိ Tag တွေနဲ့ သတ်မှတ်ပါတယ်။ အရေးပါဆုံး ခေါင်းစဉ်တွေကို <h1> အဆင့် မှာထားပြီး <h6>ကတော သူနဲ့ ဆန့်ကျင်ဖက် အရေးပါမှုအနည်းဆုံး ခေါင်းစဉ်အတွက်ဖြစ် ပါတယ်။
ဥပမာ
<h1>ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h1>
<h2> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h2>
<h3> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h3>
Noteမှတ်ချက် — Browser (ဘရောက်ဆာ) တွေက space (margin အနည်းငယ်) ကို ခေါင်းစဉ်တစ်ခုစီကြားမှာ အလိုလျောက်ခြားပေးပါတယ်။
ခေါင်းစဉ် Heading တွေကအရေးကြီးပါတယ်။
HTML ခေါင်းစဉ် heading တွေကို ခေါင်းစဉ်သီးသန့်အတွက်ပဲသုံးသင့်ပါတယ်။ စာပိုဒ်ထဲက စာသားတွေကို ကြီးစေခြင်း BIG သို့ မဟုတ် စာသားအထူ bold တွေအတွက် ခေါင်းစဉ် heading အမျိုးအစား ကိုမသုံးသင့်ပါဘူး။
Search Engine တွေက သင်ရေးထားတဲ့ ဝဘ်စာမျက်နှာ ရဲ့ ပါဝင်တဲ့အကြောင်းအရာနဲ့ အသွင်သဏ္ဍာန်ကို ရှာဖို့အတွက် ခေါင်းစဉ်တွေကို သုံးပါတယ်။
ကိစ္စရပ်တစ်ခုကို ရှာဖွေသူ အသုံးပြုတွေ ကဝဘ်ဆိုဒ် တစ်ခုကိုအကြမ်းဖျင်းသိချင်ရင် ခေါင်းစဉ်တွေကိုပဲ ကြည့်တတ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ဟာ သင့်ရေးထားတဲ့ ဝဘ်စာမျက်နှာ  ရဲ့ကိုယ်စားပြုဖြစ်သင့်ပါတယ်။ H1ခေါင်းစဉ်က အဓိကခေါင်းစဉ် main heading ဖြစ်သင့်ပြီး သူ့နောက်ကမှ H2 ခေါင်းစဉ်၊ သူ့နောက်ကမှ H3 ခေါင်းစဉ် စသဖြင့် သုံသင့်ပါတယ်။
HTML မျဉ်းများ
 <hr /> tag တွေက HTML စာမျက်နှာအတွက် ရေပြင်ညီမျဉ်းတွေ ဖန်တီးပေးပါတယ်။
ဝဘ်စာမျက်နှာ မှာပါဝင်တဲ့ content တွေကို ခြားဖို့အတွက်လည်း မျဉ်းတွေကို သုံးနိုင်ပါတယ်။
ဥပမာ
<p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
HTML မှတ်ချက်များ
ကိုယ်ရေးထားတဲ့ HTML code တွေကို ဖတ်လို့မှတ်လို့လွယ်အောင် Code တွေကြားမှာပဲ မှတ်ချက်တွေထားနိုင်ပါတယ်။ မှတ်ချက်တွေကို browser (ဘရောက်ဆာ) တွေက ထည့်မတွက်လို့ Browser (ဘရောက်ဆာ) နဲ့ကြည့်ရင်မြင်ရမှာ မဟုတ် ပါ။
မှတ်ချက်တွေကို ဒီလိုရေးကြပါတယ် — 
ဥပမာ
<!-- ဒါက မှတ်ချက်တစ်ခုဖြစ်ပါတယ်။-->
Noteမှတ်ချက် — opening bracket ရဲ့အနောက်မှာ exclamation mark အာမေဋိတ်အမှတ်အသား တစ်ခုရှိပါတယ်။ သတိထားရမှာက closing bracket ရှေ့မှာထားရမှာ မဟုတ် ပါဘူး။
HTML Noteမှတ်ချက် — HTML Source ကိုဘယ်လိုဖတ်မလဲ။
ဝဘ်စာမျက်နှာ  တစ်ခုကိုကြည့်ပြီး "ဟာ ဒါဘယ်လိုလုပ်ထားပါလိမ့်?" ဆိုပြီးအံ့အားသင့်ဖူးလား။
ဘယ်လိုရေးထားတာလဲ သိနိုင်ဖို့အတွက် စာမျက်နှာကို right-click နှိပ်ပြီး (IE) မှာဆိုရင် "View Source" ကိုနှိပ် ဒါမှမဟုတ် (Firefox) မှာဆိုရင် "View Page Source" ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ တစ်ခြား Browser (ဘရောက်ဆာ) တွေမှာလဲ အလားတူပါပဲ။ အဲဒီလိုနှိပ်ရှာလိုက်ရင် ဝင်းဒိုး တစ်ခုတတ်လာပြီး ရေးထားတဲ့ HTML code တွေကို ပြပေးမှာဖြစ်ပါတယ်။
ယခုစာမျက်နှာမှ ဥပမာများ
ခေါင်းစဉ်များ
HTML document တစ်ခုမှာ ခေါင်းစဉ်တွေဘယ်လိုသုံးထားလဲပြထားပေးပါတယ်။
ရေပြင်ညီမျဉ်းများ
ရေပြင်ညီမျဉ်း horizontalline တွေဘယ်လိုထည့်ရမလဲ ပြသပေးပါတယ်။ မမြင်ရတဲ့မှတ်ချက်များ
HTML code တွေကြားထဲမှာ မှတ်ချက်တွေဘယ်လိုရေးထားလဲပြသပေးပါတယ်။
HTML Tag အညွှန်းများ
ယခု ဝဘ်ဆိုဒ် မှာပါဝင်တဲ့ tag အညွှန်းတွေမှာ Tag တွေနဲ့၎င်းတို့မှာပါဝင်တဲ့ Attribute တွေ အကြောင်း ရှင်းပြထားတာတွေ ပါပါတယ်။ ဒီသင်ခန်းစာရဲ့ နောက်လာမယ့် အခန်းမှာ HTML Tag တွေ နဲ့ attribute တွေအကြောင်း ပိုပြီးရှင်းပြထားတယ်။
Tag အကြောင်းအရာ
<html> HTML document တစ်ခု အတွက်သုံးပါတယ်။
<body> document ရဲ့ ကိုယ်ထည်ကို သတ်မှတ်ပါတယ်။
<h1> မှ <h6> အထိ HTML ခေါင်းစဉ် heading တွေ အတွက်သုံးပါတယ်။
<hr /> ရေပြင်ညီမျဉ်း horizontal line အဖြစ်သတ်မှတ်ပါတယ်။
<!--> မှတ်ချက်တစ်ခုအဖြစ်သတ်မှတ်ပါတယ်။
 http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML စာပိုဒ်များ
စာပိုဒ်တွေကို <p> tag တွေနဲ့ ရေးသားကြပါတယ်။
ဥပမာ
<p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<p>ဒါကအခြားစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
Noteမှတ်ချက် — Browser (ဘရောက်ဆာ) တွေက empty sentence line တစ်ခုကို စာပိုဒ်တစ်ခုမတိုင်ခင်နဲ့ စာပိုဒ်ဆုံးသွားတဲ့ နေရာမှာ အလိုလျောက်ထည့်ပေးပါတယ်။
End Tag ကိုမမေ့ပါနဲ့
Browser (ဘရောက်ဆာ) တွေ အများစုက end tag မေ့ခဲ့ရင်တောင် အမှားမပြပဲ ပုံမှန်အလုပ်လုပ်ပေးပါတယ်။
ဥပမာ
<p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။
<p>ဒါကအခြားစာပိုဒ်တစ်ခုဖြစ်ပါတယ်။
အပေါ်က ဥပမာကို browser (ဘရောက်ဆာ) အများစုက ပြဿနာမရှိပဲ ပုံမှန်ပြသပေးပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမလုပ်သင့်ပါဘူး။ End Tag မေ့တာက မလိုအပ်တဲ့ အမှားတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။
Noteမှတ်ချက် — နောက်ပိုင်းပေါ်ပေါက်လာမယ့် HTML တွေက end tag မပါတာကို လက်ခံမှာ မဟုတ် ပါဘူး။
HTML စာကြောင်း Break များ
<br /> tag ကို စာပိုဒ်အသစ်မစပဲ စာကြောင်းနောက်တစ်ကြောင်းဆင်းချင်ရင် သုံးပါ။
ဥပမာ
<p>ဒါဟာ<br />Line Break<br />ပါတဲ့ စာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<br />ဟာ empty HTML element ဖြစ်ပြီး end tag မပါပါဘူး။
<br> လား <br /> လား
XHTML နဲ့ XML မှာ end tag (closing tag) မပါတဲ့ Element တွေကိုလက်မခံပါ။
<br>Tag ဟာ browser (ဘရောက်ဆာ) အားလုံးမှာ အဆင်ပြေနေပေမယ့် <br /> ရေးခြင်းကသာ XHTML နဲ့ XML အပလီကေးရှင်းတွေ အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။
HTML ရလာဒ် - သိမှတ်စရာများ
HTML မှာရေးထားတဲ့ Code တွေသင်လိုချင်တဲ့အတိုင်း အတိအကျပေါ်ဖို့မလွယ်ပါဘူး။ screen အကြီး၊ အသေးတွေက ကွဲပြားတဲ့ ရလာဒ်တွေဖြစ်စေနိုင်ပါတယ်။
HTML code တွေအကြား Space တွေခြားပြီး Browser (ဘရောက်ဆာ) View မှာ Space တွေခြားနေချင်လို့မရပါဘူး။
Browser (ဘရောက်ဆာ) တွေက Browser (ဘရောက်ဆာ) View အတွက်အပို space တွေ၊ Code တွေကြားမှာကျော်သွားခဲ့တဲ့ Line တွေအားလုံးကို ဖယ်ရှားလိုက်မှာဖြစ်ပါတယ်။ Line အားလုံးကို ၁ လိုင်းတည်း ဖြစ်သွားစေမှာဖြစ်ပြီး Space တွေအားလုံးကို Space ၁ ခုတည်း လုပ်လိုက်မှာဖြစ်ပါတယ်။
(ဒီဥပမာက တစ်ချို့တဲ့ HTML Code တွေရေးရာမှာဖြစ်တတ်တဲ့ ပြဿနာအချို့ကို ရှင်းထားပါတယ်)။
ယခုစာမျက်နှာမှ ဥပမာများ
HTML စာပိုဒ်များ
HTML စာပိုဒ်တွေ Browser (ဘရောက်ဆာ) View မှာဘယ်လိုပေါ်တယ်ဆိုတာ ရှင်းပြထားပါတယ်။
Line break များ (အောက်သို့တစ်ကြောင်းဆင်းခြင်း)
HTML document တွေမှာ သုံးတဲ့ Line Break အကြောင်းဖြစ်ပါတယ်။
စာကြောင်းပြဿနာများ(Poem ပြဿနာ)
HTML Code တွေအသုံးပြုဖန်တီးရာမှာဖြစ်တတ်တဲ့ အမှားတွေဖြစ်ပါတယ်။
HTML Tag အညွှန်း
ယခု ဝဘ်ဆိုဒ် မှာပါတဲ့ tag အညွှန်း တွေမှာ HTML element တွေ နဲ့ ၎င်းတို့ရဲ့ Attribute တွေ နဲ့ပတ်သက်ပြီး အသေးစိပ်ရှင်းလင်းထားပါတယ်။
Tag အကြောင်းအရာ
<p> စာပိုဒ်အတွက်ဖြစ်ပါတယ်။
<br /> အောက်တစ်ကြောင်းဆင်းရန် single line break အတွက်ဖြစ်ပါတယ်။
 http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML စာသားများရေးသားခြင်း
HTML Formatting
ဒါက စာသားအထူပုံစံ bold ဖြစ်ပါတယ်။
ဒါက စာလုံးအကြီးပုံစံ big ဖြစ်ပါတယ်။
ဒီစာသားက အစောင်းပုံစံ italic ဖြစ်ပါတယ်။
This is Computer Output Text.
ဒါက subscript ပုံစံ နဲ့ superscript ပုံစံ ဖြစ်ပါတယ်။
HTML Tag များ (Formatting Tags)
HTML <b> နဲ့ <i> Tag တွေကို စာသားအထူ bold နဲ့ စာသားအစောင်း italic ပုံစံလိုချင်ရင် သုံးပါတယ်။
ဒီ HTML tag တွေကို formatting tag တွေလို့ခေါ်ပါတယ်။
Noteမှတ်ချက် — တစ်ခါတစ်လေမှာ <strong> ကို <b> အစားနဲ့ <em> ကို <i>အစားသုံးတတ်ပါတယ်။ ဒီလို မကွဲမပြားပဲ သုံးနေကြပေမယ့် ဒီ tag တွေကြားမှာ ခြားနားချက်တွေလည်း ရှိနေပါတယ်။
<strong> ဒါမှမဟုတ် <em> ကိုကျတော့ ဝဘ်ဆိုဒ်ရေးသားသူက ဖတ်သူကို ဒီနေရာက အရေးကြီးပါတယ်ဆိုတာပြချင်လို့ သုံးတာဖြစ်ပါတယ်။
ဒီနေ့ Browser (ဘရောက်ဆာ) တော်တော်များများက <strong>ကို <b> နဲ့အတူတူ၊ <em >ကို <i> နဲ့အတူတူ လိုပဲမြင်နေကြပါသေးတယ်။ ဒါပေမယ့် တစ်နေ့မှာ Browser တွေက stong လုပ်ထားတဲ့ Tag တွေကိုပဲ သီးသန့် Highlight ပေးခဲ့ရင်တော့ strong လုပ်မထားရင် hightlight ရတော့မှာမဟုတ်ပါဘူး။
<b> နဲ့<i> တွေက bold နဲ့ italic သီးသန့်အတွက်သုံးတာဖြစ်ပါတယ်။
HTML စာသား Formatting Tag များ
Tag အကြောင်းအရာ
<b> စာသားကို အထူ Bold လုပ်ရန်
<big> စာသားကို အကြီး Big လုပ်ရန်
<em> စာသားကို အထူးပြုတဲ့ပုံစံလုပ်ရန်
<i> စာသားကို အစောင်းလုပ်ရန်
<small> စာသားကို အသေးလုပ်ရန်
<strong> စာသားကို အရေးပါတဲ့ပုံစံ Strong လုပ်ရန်
<sub> စာသားကို အောက်မှာကပ်လျက်ပါတဲ့တန်ဖိုးကိန်းပုံစံ subscript လုပ်ရန်
<sup> စာသားကို ထပ်ကိန်းပုံစံ subscript လုပ်ရန်
<ins> စာသားကို  ထည့် ပုံစံ လုပ်ရန်
<del> စာသားကိုဖျက်ထားတဲ့ပုံစံ လုပ်ရန်
HTML "Computer Output" Tag များ
Tag အကြောင်းအရာ
<code> ကွန်ပြူတာ code ပုံစံတွေလုပ်ရန်
<kbd> keyboard စာသားပုံစံတွေလုပ်ရန်
<samp> နမူနာ ကွန်ပြူတာ code ပုံစံလုပ်ရန်
<tt> လက်နှိပ်စက် စာသားပုံစံလုပ်ရန်
<var> Variable ပုံစံလုပ်ရန်
<pre> preformatted စာသားပုံစံလုပ်ရန်
HTML Citation များ၊ Quotation များနဲ့ Definition Tag များ
Tag အကြောင်းအရာ
<abbr> အတိုကောက်စာလုံးအဖြစ်သုံးရန်
<acronym> စကားလုံး၏ အရှေ့စာလုံးအဖြစ်သုံးရန်
<address> Document  ပိုင်ရှင် ဒါမှ မဟုတ်  ရေးသားသူ ကိုဆက်သွယ်ရန်လိပ်စာ အဖြစ်သုံးရန်
<bdo> စာသား direction အဖြစ်သုံးရန်
<blockquote> ရှင်းလင်းချက်စာပိုဒ်အရှည်အဖြစ်သုံးရန်
<q> ရှင်းလင်းချက်စာပိုဒ်အတိုအဖြစ်သုံးရန်
<cite> အထူးမှတ်ချက်တစ်ခုအဖြစ်သုံးရန်
<dfn> အဓိပ္ပယ်ရှင်းလင်းချက်တစ်ခုအဖြစ်သုံးရန်
 http://www.soemoeaung.com/
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML Block များ
HTML <div> နဲ့ <span>
HTML element တွေကို <div> နဲ့ <span> တွေနဲ့ အုပ်စုဖွဲ့ထားနိုင်ပါတယ်။
HTML Block Element များ
HTML element အများစုကို block level element တွေ ဒါမှမဟုတ် inline element တွေအဖြစ်သတ်မှတ်ကြပါတယ်။
Block level element တွေကိုမှာ ပုံမှန်အားဖြင့် browser (ဘရောက်ဆာ) မှာပြတဲ့အခါ Line အသစ်တစ်ခုနဲ့ အစပြု (အဆုံးသတ်) ပါတယ်။
ဥပမာများ <h1>, <p>, <ul>, <table>
HTML Inline Element များ
Inline element တွေကတော့ Line အသစ် မဆင်းပဲ ပြသပါတယ်။
ဥပမာများ <b>, <td>, <a>, <img>
 HTML <div> Element
HTML <div> element မှာ အုပ်စုဖွဲ့ခြင်းအတွက် ဒါမှမဟုတ် HTML Element အတွက် Container ပါတဲ့ block level element ဖြစ်ပါတယ်။
<div> element မှာထူးထွေတဲ့ အဓိပ္ပယ်မရှိပါ။ block level element တစ်ခုဖြစ်ပြီး  browser (ဘရောက်ဆာ) မှာပေါ်တဲ့အခါ ၎င်းမတိုင်ခင်ခဲ့ ပြီးနောက်မှာ line break တစ်ခုထားပေးမှာဖြစ်ပါတယ်။
CSS နဲ့တွဲသုံးတဲ့အခါ <div> element ကို Content အများအပြားပါဝင်တဲ့ large Block တွေကို style attribute တွေ setting ချဖို့အတွက်သုံးနိုင်ပါတယ်။
အခြားအသုံးများတဲ့ <div> element ပုံစံမှာ document အတွက် layout ချဖို့ဖြစ်ပါတယ်။ ၎င်းကနည်းလမ်းအဟောင်းဖြစ်တဲ့ ဇယားတွေနဲ့ Layout ချခြင်းကို အစားထိုးလိုက်ပါတယ်။ ဇယားတွေအသုံးပြုခြင်းမှာ <table> element ရဲ့ နည်းလမ်းအမှန် မဟုတ် ပါဘူး။ <table> element ရဲ့ ရည်ရွယ်ချက်က tabular data တွေအတွက်ဖြစ်ပါတယ်။
HTML <span> Element
HTML မှာ <span> element မှာ inline element ဖြစ်ပြီး စာသား အတွက် Container အဖြစ်အသုံးပြုနိုင်ပါတယ်။
<span> element မှာထူးထွေတဲ့ အဓိပ္ပယ်မရှိ။
CSS နဲ့တွဲသုံးတဲ့အခါ <span> element ကို style attribute တွေကို စာသားရဲ့ အစိပ်အပိုင်းအဖြစ် Setup လုပ်ဖို့ သုံးနိုင်ပါတယ်။
HTML Grouping Tag များ
Tag အကြောင်းအရာ
<div> Div ဖြစ်ပါတယ်။
<span> Span ဖြစ်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML Style များ - CSS
HTML Style များ - CSS
HTML element တွေကို စတိုင်အမျိုးမျိုးလုပ်ဖို့ CSS (Cascading Style Sheet များ) ကိုသုံးပါတယ်။
စာလုံးပုံစံနဲ့ အရောင်တွေကို ကြည့်ပါ။
This text is in Verdana and red
This text is in Times and blue
This text is 30 pixels high
HTML မှာ CSS သုံးပြီး Style များပြုလုပ်ခြင်း
HTML Element တွေကို ပိုပြီး အဆင်ပြေပြေနဲ့ Style လုပ်နိုင်ဖို့အတွက် CSS ကို HTML 4 နဲ့အတူ စတင်မိတ်ဆက်ခဲ့ပါတယ်။
အောက်မှာပြထားတဲ့ နည်းလမ်းတွေအရ CSS ကို HTML Document ထဲကို ထည့်နိုင်ပါတယ်။
  • Inline - HTML element တွေထဲမှာပဲ styleattribute ကိုအသုံးပြုခြင်း။
  • Internal - <head> section ထဲမှာ <style>element ကိုသုံးပြီးရေးခြင်း။
  • External - ပြင်ပ CSSဖိုင် တစ်ခုရေးပြီးချိတ်ဆက်ခြင်း။
ပြင်ပဖိုင်တစ်ခုစီသီးခြားရေးပြီး HTML ထဲကို ထည့်သုံးဖို့ အကြံပြုချင်ပါတယ်။
ဒီ HTML သင်ခန်းစာ မှာတော့ style attribute ကိုသုံးပြီး CSS ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဥပမာတွေက ရိုးရှင်းပါတယ်။ Code တွေကလည်း ကိုယ်တိုင်လေ့ကျင့်ဖို့လွယ်ပါတယ်။
Inline Style များ
Inline style ကို ဝဘ်စာမျက်နှာ တစ်ခုရဲ့ လိုချင်တဲ့ အပိုင်းတစ်ခုတည်းအတွက်ပဲသီးခြား style လုပ်ချင်ရင်သုံးသင့်ပါတယ်။
Inline style ကိုသုံးဖို့အတွက် ကို Style လုပ်ချင်တဲ့ Tag မှာ style attribute ကိုသုံးရမှာဖြစ်ပါတယ်။
Style attribute မှာ CSS တန်ဖိုးတစ်ခုခုပါဝင်နိုင်ပါတယ်။ အောက်က ဥပမာမှာ စာသားအရောင်နဲ့ စာပိုဒ်ရဲ့ ဘယ်ဖက် Margin ကိုပြောင်းဖို့အတွက် CSS ကိုဘယ်လိုသုံးထားတယ်ဆိုတာ ကြည့်နိုင်ပါတယ်။
<p style=“color:blue;margin-left:20px;">ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်</p>
HTML Style ဥပမာ - နောက်ခံအရောင်
နောက်ခံအရောင်တန်ဖိုးက Element တစ်ခုရဲ့ နောက်ခံအရောင်ကို သတ်မှတ်ပါတယ်။
ဥပမာ
<!DOCTYPE html>
<html>
<body style="background-color:yellow;">
<h2 style="background-color:red;">ဒါကခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h2>
<p style="background-color:green;">ဒါက စာပိုဒ်တစ်ခုဖြစ်ပါတယ်</p>
</body>
</html>
ဒီနောက်ခံအရောင်တန်ဖိုးက အရင်တုန်းကသုံးခဲ့တဲ့ပုံစံ အတိုင်းပြမှာဖြစ်ပါတယ်။
HTML Style ဥပမာ - Font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစား
Font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစားတန်ဖိုးတွေက Element တစ်ခုမှာပါတဲ့ စာသားရဲ့ font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစား တွေကိုသတ်မှတ်ပါတယ်။
ဥပမာ
<!DOCTYPE html>
<html>
<body>
<h1 style="font-family:verdana;">ခေါင်းစဉ်တစ်ခု</h1>
<p style="font-family:arial;color:red;font-size:20px;">စာပိုဒ်တစ်ခု။</p>
</body>
</html>
ဒီ font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစားတန်ဖိုးက သိပ်မသုံးကြတော့တဲ <font> tag အဟောင်း (အရင်တုန်းကသုံးခဲ့တဲ့ပုံစံ) အတိုင်းပြမှာဖြစ်ပါတယ်။
HTML Style ဥပမာ- စာသား Alignment
text-align ရဲ့တန်ဖိုးဟာ Element တစ်ခုရဲ့ စာသားအတွက် ရေပြင်ညီ alignment ကိုအထူးပြုပါတယ်။
ဥပမာ
<!DOCTYPE html>
<html>
<body>
<h1 style="text-align:center;">အလည်ပို့ထားတဲ့ ခေါင်းစဉ်</h1>
<p>စာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
</body>
</html>
text-align တန်ဖိုးက သိပ်မသုံးကြတော့တဲ့ Tag အဟောင်း <center> tag ပုံစံ ဖြစ်ပါတယ်။
Internal Style Sheet ဆိုသည်မှာ?
Internal style sheet ကိုလိုချင်တဲ့ ဝဘ်စာမျက်နှာ တစ်ခုတည်းကိုပဲ သီးခြား style လုပ်ချင်ရင်သုံးသင့်ပါတယ်။ သူ့ကို <head> Section ထဲမှာ <style> Tag ကိုသုံးပြီးရေးရမှာဖြစ်ပါတယ်။
<head>
<style type="text/css">
body {background-color:yellow;}
p {color:blue;}
</style>
</head>
External Style Sheet ဆိုသည်မှာ ?
external style sheet မှာ ဝဘ်စာမျက်နှာ  အများအပြားအတွက် တူညီတဲ့ Style လုပ်နိုင်ဖို့သုံးရတာဖြစ်ပါတယ်။ external style sheet တစ်ခုနဲ့ ဝဘ်ဆိုဒ် တစ်ခုလုံးရဲ့ Style ကိုစာမျက်နှာတစ်ခုတည်းကို ပြင်ရုံနဲ့ ပြောင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဝဘ်စာမျက်နှာ တိုင်းကိုတော့ <link> Tag သုံးပြီး ချိတ်ထားရမှာဖြစ်ပါတယ်။ <link> Tag ကို <head> section ထဲမှာထားရမှာဖြစ်ပါတယ်။
<head>
<link rel="stylesheet" type="text/css" href="mystyle.css" />
</head>
HTML Style Tag များ
Tag အကြောင်းအရာ
<style> Document တစ်ခုအတွက် Style လုပ်ဖို့သုံးပါတယ်။
<link /> Document တစ်ခုနဲ့ ပြင်ပ CSS ဖိုင်တစ်ခုချိတ်ဖို့ သုံးပါတယ်။
Deprecated Tag နဲ့ Attribute များ
HTML 4 မှာ tag အများအပြားနဲ့ attribute တွေများစွာကို Style လုပ်ဖို့သုံးကြပါတယ်။ အဲဒါတွေကို New HTML က လက်မခံပါ ဘူး။
ဒါကြောင့် <font>, <center> နဲ့ <strike> Element တွေနဲ့ အရောင် နဲ့ bgcolor Attribute တွေကိုမသုံးပါနဲ့။
 http://www.soemoeaung.com/
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
HTML ပုံများ - Tag နဲ့ Src Attribute
HTML ပုံများ - <img> Tag နဲ့  Src Attribute
HTML မှာ ပုံတွေကို  <img> tag နဲ့ သတ်မှတ်ကြပါတယ်။
<img> tag သီးသန့်ဆိုရင် ဗလာ ကြီးဖြစ်ပြီး Attribute တွေ သက်သက်ပဲပါမှာပါ။ Tag အပိတ်လည်းမရှိပါဘူး။
စာမျက်နှာပေါ်မှာ ပုံပေါ်ဖို့အတွက် src attribute ကိုသုံးဖို့လိုပါတယ်။ Src ဆိုတာက "source" ရဲ့အတိုကောက်စာလုံးဖြစ်ပြီး  src attribute ရဲ့တန်ဖိုးက သင်ပေါ်ချင်တဲ့ ပုံရဲ့ URL လည်းဖြစ်ပါတယ်။
ပုံအတွက် Syntax
<img src="url" alt="some_text"/> 
URL ကပုံဘယ်မှာရှိလဲ ပြပါတယ်။ "trip.jpg" လိုနာမည်ရှိတဲ့ ပုံတစ်ပုံမှာ www.aungsanmks.com ရဲ့ images folder (Directory) ထဲမှာရှိတယ်ဆိုရင် URL က http://i.minus.com/ibidJBu0i95gl8.PNG
Browser (ဘရောက်ဆာ) က Image Tag ပြတဲ့ပုံကို ခေါ်သုံးပါတယ်။ တကယ်လို့ စာပိုဒ်နှစ်ခုကြား ပုံထားခဲ့ရင် Browser (ဘရောက်ဆာ) က ပထမစာပိုဒ်ကို အရှေ့က ပေါ်စေပါမယ်။ သူ့အောက်မှာမှ သင်ညွှန်းထားတဲ့ပုံ သူပြီးမှ နောက်ဆုံးစာပိုဒ်ကို ပေါ်စေမှာပါ။  
HTML ပုံများ - Alt Attribute
လိုအပ်တဲ့ alt attribute ဟာ ပုံအတွက် အခြားနည်းလမ်းနဲ့ပေါ်မယ့်စာဖြစ်ပါတယ်။ ပုံပေါ်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။
Alt attribute ရဲ့တန်ဖိုးကတော့ ဝဘ်ဆိုဒ် ရေးသူ ထည့်တဲ့အတိုင်းပါပဲ...။
<img src="trip.jpg" alt="Blogger Aung Aung" /> 
alt attribute က အင်တာနက်လိုင်း နှေးလို့ ပုံတွေမပေါ်နိုင်သေးရင်ပဲဖြစ်ဖြစ်၊ Src Attribute မှာ အမှားတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် ကြည့်ရှု့သူဟာ Screen Reader ကိုအသုံးပြုပြီးကြည့်လို့ပဲဖြစ်ဖြစ် ပုံတွေကို Browser (ဘရောက်ဆာ) က ချက်ချင်းဖေါ်ပြဖို့မတတ်နိုင်တဲ့ အချိန်မှာလည်း alt ပေးထားတဲ့ (သတ်မှတ်ထားတဲ့) စာကို အရင်ပေါ်နေစေမှာဖြစ်ပါတယ်။
HTML ပုံများ - ပုံအမြင့်နဲ့ အလျားကို သတ်မှတ်ခြင်း
အမြင့်နဲ့ အလျား attribute တွေမှာ ပုံ၏ အမြင့်နဲ့ အလျားအတွက်ဖြစ်ပါတယ်။
Attribute တန်ဖိုးတွေကိုတော့ အမြဲ Pixel နဲ့ သတ်မှတ်ပါတယ်။
<img src="trip.jpg" alt="Blogger Aung Aung" width="334" height="227" />
မှတ်ချက် — ပုံအတွက် အမြင့်နဲ့ အလျား Attribute တွေကို သေချာ စီစဉ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့တန်ဖိုး အတိုင်း ပုံရဲ့ အရွယ်အစားကို စာမျက်နှာ loading ဖြစ်နေစဉ်မှာ နေရာချမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီ attribute တွေမပါခဲ့ဘူးဆိုရင် browser (ဘရောက်ဆာ) က ပုံအရွယ်အစားကို သိမှာ မဟုတ် ပါဘူး။ ပုံပေါ်လာဖို့ဆွဲတင်နေချိန်မှာ စာမျက်နှာအနေအထားကပြောင်းတဲ့ effect ဖြစ်လာစေပါလိမ့်မယ်။
မှတ်စုများ
မှတ်ချက် — တကယ်လို့ HTML ဖိုင်မှာ ပုံ ၁ဝ ပုံပါခဲ့ပါက အဲဒီ့စာမျက်နှာအတွက် ဖိုင် ၁၁ ခုကို ဖွင့်ရတာနဲ့တူပါတယ်။ ပုံတွေပေါ်လာဖို့ဆွဲတင်ရတာလည်း အချိန်ပေးရပါတယ်။ ဒါကြောင့်ပုံတွေကို ထည့်သုံးမယ်ဆို အရွယ်အစားကအစ ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက် — ဝဘ်စာမျက်နှာ တက်နေတဲ့အချိန်မှာ Browser (ဘရောက်ဆာ) ကနေ Web Server ကပုံတွေကို ယူပြီး စာမျက်နှာထဲကို ထည့်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ထည့်ထားတဲ့ပုံဟာ ကိုယ်ပေးထားတဲ့ လမ်းကြောင်းအမှန်မှာ တကယ်ရှိရဲ့လားဆိုတာကို သေချာအတည်ပြုဖို့လိုပါတယ်။ လွဲခဲ့ရင်တော့ ပုံမပေါ်ပဲ အဲဒီ့နေရာမှာ ကွက်လပ်တစ်ခုပေါ်နေမှာဖြစ်ပါတယ်။ ဒါဟာ Browser (ဘရောက်ဆာ) ကရှာပေးဖို့ မတတ်နိုင်တော့တဲ့ အဖြေဖြစ်ပါတယ်။
HTML ပုံ Tag များ
Tag အကြောင်းအရာ
<img /> ပုံထည့်ရန်
<map> image-map ထည့်ရန်
<area /> image-map တစ်ခုထဲက နှိပ်လို့ရတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ပါတယ်။
http://www.soemoeaung.com
အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
ပုံတွေကိုပြုပြင်ရာမှာအသုံးဝင်တဲ့photoscape3.6.5နောက်ဆုံး pudate အသုံးပြုနည်း
  27 ရက်နေ့ကထွက်သွားတဲ့ update လေးပါ ။
ကျနော် လိုပဲ Photoshop မသုံးတက်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းအဆင်ပြေပါတယ်
ဓါတ်ပုံဖြတ်ညှပ် ကပ်၊နာမည်ရေး စာရေး၊ Logo ဆွဲ ၊ မွေးနေ့ဖိတ်စာတွေ လောက်ကတော့
ကောင်းကောင်းလေးဆွဲ လို့ရတယ်။ အသုံးလိုမယ် ဆိုအောက်မှာဆွဲသွားလိုက်ပါ ခင်ဗျာ
ဒေါင်းပြီးတာနဲ့  အသုံးပြုလို့ရမှာ ဖြစ်ပါတယ်.. အသုံးပြုနည်းကိုလည်း  ကျွန်တော် တတ်နိုင်သလောက်
ရှင်းပြလိုက်ပါ့မယ်... လွယ်ကူတာမို့ ကလိရင်းးတတ်မှာ သေချာပါတယ်ဗျာ... အသင့်တင့်လောက်တော့
ပြောပြလိုက်ပါတယ်နော်...ကဲ စမယ်... ဆော့ဝဲလ်ကို ဖွင့်လိုက်ပါနော်.. အောက်ကပုံပေါ့
 သည်လိုကျလာမှာ ဖြစ်ပါတယ်... အပေါ်က ကင်မရာ ပုံလေးကိုကလစ်ပြီး စကြမယ်နော်..ကလစ်လိုက်ပါ
သည်လိုဖြစ်လာမယ်... သည်မှာ ရှင်းစရာတွေ များးနေမယ်... ပုံတွေ များနေမှာ မို့  တခုချင်းးသည်ပုံလေး
ကိုအဓိက  နမူနာထား ရှင်းပြလိုက်မယ်နော်....
(၁)  သည်လိုကျလာတာနဲ့  ဘယ်ဘက်က ကွန်ပျူတာ ဖိုင်တွေထဲက ပုံရှိတဲ့ နေရာကိုသွားလိုက်ပါ။
(၂)  အဲမှာ ရှိနေတဲ့ ပု့တွေကို သူ့အောက်ကနေ ပုံလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်... ရွေးချယ်လိုက်ပါ။
(၃)  ပုံရွေးပြီင်္း ရောက်နေတာနဲ့  စကြမယ်နော်... တခုချင်းးစလိုက်မယ်... လက်တွေ့ လုပ်ရင်းစမ်းသတ်ပါ။
(၄)  အရေးကြီးးတာကတော့ ပုံကို စာရေးတာ ပြုပြင် ပေါင်းစပ်တာတွေအတွက် Object ကိုကလစ်ရမယ်။
  (i) ပုံပေါ်စာရေးဖို့အတွက်   T  ဆိုတာလေးကိုကလစ်ရပါမယ်။
  (ii)  ပုံပေါ်ကို နောက်ထပ် ပုံတွေ ပေါင်းစပ်မယ် ထပ်ထည့်မယ်ဆို  T ရဲ့အပေါ်ထောင့်က photo ဆိုတာ
        လေးကိုကလစ်လိုက်ပါ ကျွန်ပျူတာဖိုင်ကျမယ်  လိုရာပုံ ထပ်ထည့်မယ်...ပေါင်းစပ်မယ်ပေါ့။
  (iii)  Home  ဆိုတာကတော့ ပုံပြီးးတာနဲ့ ဘောင်ခတ်လို့ရတဲ့ နေရာ တစ်ခု ဆိုပါတော့နော်..တခြားးတွေလည်းလုပ်လို့ရပါတယ်.. စမ်းကြည့်ပါ။
(iv) Crop  ဆိုတာက ပုံတွေကို လိုအပ်တဲ့ နေရာကနေ ဖြတ်တောက်ယူတဲ့ အပိုင်းလေးပါ။
(v )  Tools  ဆိုတာကလည်း လုပ်စရာတွေ များစွာ ရှိပါတယ်...
( vi)  အောက်က ကြယ်ပုံတွေ လေးထောင့်ကွက်တွေ  အ၀ိုင်းလေးတွေကတော့  မိမိလိုအပ်သလို အသုံးပြု
       နိုင်ပါတယ်... ဥပမာ ကျွန်တော် ပုံတွေပေါ် အနီကွက်လေးတွေ မျှားလေးတွေ ပြထာ အဲထဲကပါ။
ကဲဗျာ သည်လိုဆို လုပ်ရင်းးတတ်မှာသေခြာပါတယ်... လုပ်ဆောင်ချက်  မှားလို့ ပြန်ဖျက်မယ်ဆိုရင်
ညာဘက် အောက်ထောင့်မှာ  Undo ဆိုတာ ကလစ်တာနဲ့ သူ့ဘာသာ ပျက်ပါတယ်...
ဆေ့တော့မယ်ဆိုတာနဲ့ အဲအောက်က  Save ပေါ့ဗျာ... ဒါဆို ဇယားလေးကျလာမယ်..
 သည်လိုပေါ့ အဲခါမှာ အောက်က  Save As ဆိုတာကလစ်ပြီး မိမိတို့ လိုအပ်သောနေရာ ကျွန်ပျူတာ ဖိုင်ထဲမှာ ဆေ့ပြီးသိမ်းထားနိုင်ပါပြီင်္.....
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ